Details

  • Last Online: Feb 16, 2024
  • Gender: Female
  • Location:
  • Contribution Points: 1 LV1
  • Roles:
  • Join Date: August 31, 2019

Friends

Completed
The Good Bad Mother
2 people found this review helpful
May 5, 2023
14 of 14 episodes seen
Completed 0
Overall 9.0
Story 8.5
Acting/Cast 10
Music 8.5
Rewatch Value 8.0

စေတနာပို ဘေးဖြစ်

Sky Castle တို့လို ပုံစံဘဲ ဒါပေမယ့် တင်ပြပုံမတူဘူး
တကယ်ဆို အရင်တည်းက jtbc dramaတွေက အရမ်းလူကြိုက်များတဲ့ပုံစံမျိုး မရှိပေမယ့် ကြိုက်တဲ့သူဆို တအားကြိုက်တဲ့ဇာတ်လမ်းမျိုးရိုက်တာ ပိုများတယ်
ဥပမာ Snowdrop တို့ Reborn Rich တို့လိုဇာတ်မျိူးဆို တော်ရုံ Channel တွေက မထိရဲတဲ့ဇာတ်မျိုးကို ရိုက်ချပစ်တာမျိုး
Adminက နဂိုတည်းက jtbc ကိုလည်းကြိုက်တယ်ဒါပေမယ့်tvN ကျတော့ popping ဘက်သွားတဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းကိုရွေးတာများတယ်
ဥပမာ Penthouse နာမည်ကြီးတော့ Lee Jiah တို့ Kim Soyeon တို့နဲ့ ဇာတ်လမ်းတွဲရိုက်တာမျိုးပေါ့
anyway, bad mom က ထင်ထားတာထက် ပိုကောင်းနေတာrating လည်း တဖြည်းဖြည်းနဲ့လိုက်လာပြီ
#victor_khai

Read More

Was this review helpful to you?
Completed
Our Blues
0 people found this review helpful
May 5, 2023
20 of 20 episodes seen
Completed 0
Overall 8.0
Story 8.5
Acting/Cast 8.5
Music 8.5
Rewatch Value 8.0

လူကြီးလူငယ်မရွေး ကြည့်သင့်သည်

❗️🚨🚨🚨မျက်ရည်လွယ်သူ မဖတ်ပါနဲ့🚨🚨🚨❗️

အင်ဂွမ် နဲ့ ဟိုရှစ်၊ ယောင်ဂျု နဲ့ ဟျွန်း တို့ရဲ့ Our Blues

Our Blues Reviewကို ရေးကြပါဆိုပြီး ပြောကြသူတွေရှိပါတယ်။ရေးမယ်လို့လည်းစဉ်းစားထားပေမယ့် သိတဲ့အတိုင်း ဒီဇာတ်လမ်းတွဲက အားလုံးကအဓိကဇာတ်ဆောင်တွေချည်းမို့သူတို့အပိုင်းပြီးသွားတဲ့တိုင် မပါတော့တာမဟုတ်ဘဲ ဟန်ဆုကလွဲပြီး ကျန်တဲ့ကျွန်ပေါ်မှာနေတဲ့သူတွေက ပါနေအုန်းမယ်လို့ ထင်ရတာကြောင့် ဇာတ်ကောင်အသီးအသီးရဲ့ဇာတ်သိမ်းကမသိရသေးပါဘူး။ဒါကြောင့်မို့ရေးရတာ နည်းနည်းတော့လက်ဝင်သလို ခက်လည်းခက်ပါတယ်။

ဒီReviewကတော့ အင်ဂွမ်နဲ့ဟျွန်း၊ဟိုရှစ်နဲ့ ယောင်ဂျုတို့သားအဖ ၂တွဲရဲ့အပိုင်းအကြောင်းကို focusထုတ်ထားတဲ့ Reviewဘဲဖြစ်ပါတယ်။

ငိုရတယ် ငိုရတယ်ဆိုပြီးပြောစရာကိုမလိုပါဘူး။တကယ် တော့ ဘာကြောင့်ငိုရသလဲဆိုတော့သူတို့သားအဖ၂တွဲရဲ့အကြောင်းက လူတွေမှာရှိကြတဲ့ သားသမီးနဲ့မိဘအကြောင်း၊သူငယ်ချင်းအကြောင်း၊ ကျောင်းသားဘ၀ ဘာမှမသိခင် ဘဝကိုနှမ်းတွက်တွက်ပြီး တွက်ချေကိုက်မယ်လို့ထင်ထားတဲ့အကြောင်းတွေကြောင့်ဘဲဖြစ်ပါတယ်။

ဇာတ်လမ်းမကြည့်ဖူးပေမယ့် Reviewဖတ်တဲ့သူတွေနားလည်အောင်ဇာတ်အကျဉ်းလေးကိုပြောပြပါ့မယ်။အင်ဂွမ်နဲ့ဟိုရှစ်က သူငယ်ချင်းတွေ၊အိမ်ကလည်း အပေါ်အောက်နေကြပေမယ့် မတည့်ကြပါဘူး။သူတို့နှစ်ယောက်မှာ သားနဲ့ သမီးတစ်ယောက်စီရှိကြတယ်းအဲ့ဒါကတော့ ယောင်ဂျုနဲ့ ဟျွန်းပါ။သူတို့ကတော့ အထက်တန်းကျောင်းသူကျောင်းသားလေးများဖြစ်ပြီး စာတော်တဲ့သူတွေဖြစ်ကာ ဆိုးလ်မှာရှိတဲတက္ကသိုလ်မှာသွားတက်ဖို့အတွက် မိဘတွေကကော သူတို့နှစ်ယောက်ကပါရည်မှန်းထားပေမယ့် ယောင်ဂျုနဲ့ဟျွန်းတို့က ချစ်သူတွေဖြစ်ပြီး လွန်လွန်ကျူးကျုးဖြစ်ကာ ယောင်ဂျုမှာ ကိုယ်ဝန်ရှိရာကနေပြီး ဇာတ်လမ်းကဇာတ်ရှိန်မြင့်လာတယ် လို့ ဆိုရမှာပါ။အဲ့ဒီ့နောက်ပိုင်းမှာတော့ သားအဖတွေအချင်းချင်းပြောတဲ့စကားလုံးတွေက ကြည့်တဲ့ပရိသတ် တွေကို ထိမှန်စေပါတယ်။

သားဖြစ်သူကို အမြဲတမ်းကြမ်းကြမ်းတမ်းတမ်းပြောပေမယ့် တကယ်တော့သားဟျွန်းတစ်ယောက်တည်းကသာ သူ့အတွက်ဂုဏ်ယူစရာဆိုတဲ့ အင်ဂွမ်ဟာ အရင်က လူဆိုးဂိုဏ်းသမားတစ်ယောက်ဖြစ်ပေမယ့် သူ့ကြောင့် အမေဖြစ်သူကဆုံးပါးပြီး၊မိန်းမဖြစ်သူကလည်းထွက်သွားခဲ့တာမို့ကျန်ခဲ့တဲ့ သားကိုလူကောင်းလူတော်တစ်ယောက်ဖြစ်အောင်ပြုစုပျိုးထောင်ဖို့အတွက် လူဆိုးအလုပ်ကိုစွန့်လွှတ်ပြီး ဝတ်အူပြုတ်(နားလည်အောင်အလွယ်ရေးလိုက်ပါသည်) လုပ်ပြီး ဈေးတွေမှာလှည့်ရောင်းရင်းနဲ့ ပညာတော်တဲ့သားဖြစ်သူကို ဆိုးလ်ကကျောင်းကောင်းကောင်းမှာ ပညာတက်ဘွဲ့ရစေလိုတဲ့ အဖေတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် သူ့သားက သူ့သူငယ်ချင်းဖြစ်ပေမယ့်အကြောင်း တစ်ခုကြောင့် မတည့်တော့တဲ့ဟိုရှစ် သမီး ယောင်ဂျုနဲ့ချစ်သူတွေဖြစ်နေတဲ့အပြင် ကိုယ်ဝန်ပါရစေတယ်ဆိုတာကိုသိလိုက်ရချိန်မှာတော့ ဖခင်တစ်ယောက်အနေနဲ့ ပုံမှန်ဆိုရင် သားကိုအပြစ်ဆိုတာဖြစ်ပေမယ့် သူပြောတဲ့စကားက ”မင်းကို ယောင်ဂျုက ဖြားယောင်းလို့မဟုတ်လား”ဆိုပြီးသူ့ဘဝ ရဲ့တစ်ခုတည်းသော ဂုဏ်ယူစရာ သားကိုသံသယမမြင်ဘဲ တဖက်သားအပြစ်ဆိုပြီးမြင်တဲ့ ဖခင်တစ်ယောက်ရဲ့ သားအပေါ်မှာထားတဲ့(ဘယ်သူတွေဘာဖြစ်ဖြစ်သားဆိုတဲ့)စိတ် ကိုတွေ့ရပါတယ်။ဒါပေမယ့်နောက်ဆုံး ဘယ်လိုတွေဘဲပြော ပြော သားနဲ့တဖက်ကယောင်ဂျုတို့ကချစ်ကြိုက်ကြပြီးအခု လိုဖြစ်တယ်ဆိုတာကိုသိပေမယ့်လည်း လက်မခံနိုင်ခဲ့ ဘူး။ဘာကြောင့်လဲဆိုတော့ သားဖြစ်သူ ဟျွန်းကို လူလားမြောက်ကိုရှာဖွေကျွေးမွေးခဲဲ့တဲ့ သူ့လိုမျိုးသူ့သားကိုအပင်ပန်းမခံစေလိုတဲ့ မိဘရဲ့မေတာကို ပါးစပ်က တခွန်းမှမပြောဘဲနဲ့ အရိပ်အယောင်လည်းမပြဘဲနဲ့ သူ့သားဘဝကို ပျက်စေတယ်လို့သူယူဆတဲ့ကိုယ်ဝန်(ကလေး) ကိုဘဲတနည်းနည်းနဲ့ပျောက်ပျက်အောင် သူကြိုးစားပါတော့တယ်။

ဒါပေမယ့် အဲ့ဒါကိုသားဖြစ်သူက မကျေနပ်ဘဲ အဖေ့ကို အမေက ထားခဲ့တာ၊အဖေ့ကိုအဖေလို့ခေါ်ရမှာမုန်းတယ်။ အဖေ့ရဲ့သားဖြစ်ရတာရှက်တယ်ဆိုပြီးသားဖြစ်သူရဲ့အပြော တွေမှာ ဘယ်လောက်ရမ်းတဲ့ လူကြမ်းကြီးဖြစ်ပါစေ။တခွန်းမှ ပြန်မပြောနိုင်ဘဲပြိုလဲခဲ့ရတယ်။နောက်ဆုံးပိတ်သားဖြစ်သူက သူ့ဆီကိုလာပြီး အကျိုးအကြောင်းပြောတဲ့အချိန်ရောက်မှ သူဘာကြောင့် အခုလို တားရသလဲ သူ့ရဲ့မိဘတစ်ယောက်ရဲ့အတွေးတွေကိုပြောရင်းနဲ့ သားအဖနှစ် ယောက်ရဲ့ အပြန်အလှန်ပြောတဲ့စကားလုံးတိုင်းဟာကြည့်တဲ့ပရိသတ်တွေရဲ့ ရင်ဝကိုထိမှန်စေမယ်လို့ထင်မိပါတယ်။

နောက်ထပ်သားအဖတွေကတော့ ဟိုရှစ်နဲ့ယောင်ဂျုတို့ ဘဲ ဖြစ်ပါတယ်။လောင်းကစားသမား ဟိုရှစ်ကို မိန်းမဖြစ်သူက ထားခဲ့တာမို့ သမီးယောင်ဂျုကို အဖေတစ်ယောက်တည်းနဲ့ကျွေးမွေးပြုစု ပျိုးထောင်ခဲ့တဲ့ ယောင်ဂျုဟာသူ့အတွက် တော့ စာတော်တဲ့သူ့သမီးဟာအဖိုးမဖြတ်နိုင်တဲ့ရတနာတစ် ခုလိုပါဘဲ။သမီးလုပ်သူက ဆိုးလ်ကိုသွားပြီးကျောင်းတက် တဲ့အခါ သူကိုယ်တိုင်က ငါးဖမ်သင်္ဘောလေးဝယ်ပြီး သူဝါသနာပါတဲ့ ငါးဖမ်းအလုပ်လုပ်လုပ်ပြီးအခုလို ငါးဆိုင် တွေမှာ ရေခဲရောင်းတဲ့အလုပ်ကို မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားပြီးအဲ့ဒီ့အချိန်လေးကို ရောက်ဖို့အတွက် ကြိုတွေးပြီးပျော်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

အရင်က လောင်းကစားကြောင့် ဘဝပျက်ခဲ့ပေမယ့် အခုလို ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာဟာသူ့မှာအကြောင်း တစ်ခုရှိပါတယ်။အဲ့ဒါဟာဘာလဲဆိုတော့ မိန်းမက အိမ်ကထွက်သွားတဲ့အခါ စားစရာမရှိတဲ့ သမီးဖြစ်သူကိုပြပြီး အဲ့ဒီ့အချိန်က လူဆိုးလုပ်နေတဲ့ အင်ဂွတ်ဆီကိုသွားပြီး ပိုက်ဆံတောင်းခဲ့ပါတယ်။အရင်ကလည်း အခုလိုတောင်းခဲ့ပေမယ့် ခုချိန်မှာတော့ သမီးကိုဗန်းပြပြီး ပိုက်ဆံတောင်းတယ်(မြန်မာလိုဆို မျောက်ပြ ဆန်တောင်းတယ်)ဆိုပြီး ပြောသွားတဲ့ အွင်ဂွတ်ရဲ့စကားကို နာကျဉ်းပြီး အင်ဂွတ်နဲ့အခုလို မတည့်တဲ့ရန်သူတွေလိုဖြစ်သွားသလို လောင်းကစားကိုရပ်ပြီး ရေခဲရောင်းတဲ့အလုပ်ကိုလုပ်ကိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့အချိန်နီးနေတဲ့အခါမှာဘဲ သမီးဖြစ်သူက သူ့ရန်သူလို့သတ်မှတ်ထားတဲ့ အင်ဂွတ်သား ဟျွန်းရဲ့ကိုယ်ဝန်ကိုလွယ်လိုက်ရပြီဆိုတာကိုသိလိုက်ရချိန်မှာ ပါးစပ်ကနေ စကားလုံးထွက်မလာရတော့အထိဖြစ်ခဲ့တယ်။နောက်ဆုံးသမီးဖြစ်သူရဲ့ ကိုယ်ခနာကအဓိကဆိုတာကို သူနားလည်လိုက်တဲ့အချိန်မှာ သူ့သမီးအတွက်စုထားတဲ့ တကသိုလ်ကျောင်းစရိတ်နဲ့ သူကအိမ်မက်တွေအတွက် ဝယ်တဲ့ငါးဖယ်သင်္ဘောဝယ်မယ့် ငွေတွေအားလုံးကိုပေးလိုက်ပြီး ကလေးမွေးဖို့ ဟျွန်းနဲ့အတူတူနေချင်လည်းနေဖို့ဆိုပြီး ရင်နာနာနဲ့ ခွင့်ပြုပေးခဲ့တယ်။

ဒါပေမယ့် ဉာဏ်ရည်ထက်မြက်တဲ့ ယောင်ဂျုက သူ့အဖေဆီကလိုအပ်နေတာဟာ ခွင့်လွတ်ခြင်းတွေ ပိုက်ဆံတွေမဟုတ်ဘဲ သူနဲ့ဟျွန်းတှို့နှစ်ယောက်ကို သဘောတူလက်ခံပေးဖို့ပါ။ဒါပေမယ့် ဖခင်တစ်ယောက်ရဲ့ မိဘမေတာဆိုတဲ့အရာက က သဘောတူလက်ခံပေးဖို့စိတ်ကို မဖြစ်ပေါ်စေခဲ့ဘူး။နောက်ဆုံးမှာတော့ ကျောင်းအထိသွားပြီး သူ့သမီးကိုယ်ဝန်နဲ့ကျောင်းတက်နိုင်တယ်ဆိုတဲ့ အရာကို သိပြီးပြန်သွားတဲ့အချိန် ယောင်ဂျုက သူဟာ ဘယ်သူနဲ့ဘဲအတူတူရှိနေပါစေ အဖေမရှိတဲ့အခါ သမီးဟာအမြဲတမ်းအထီးကျန်နေမှာဘဲဆိုတဲ့စကားလုံးက သူ့ကို အကြီးမားဆုံးရိုက်ခတ်မှု့ကြီးတစ်ခုဖြစ်စေမယ်လို့ထင်မိပါတယ်။

အင်ဂွတ်နဲ့ဟျွန်း၊ ဟိုရှစ်နဲ့ယောင်ဂျုတို့ သားအဖတွေဘယ် လို များရှေ့ဆက်ကြမလဲဆိုုတာကိုနောက်လာမယ့်အပိုင်းတွေမှာ ဆက်ပြီးကြည့်ရမယ်လို့ထင်ပါတယ်။

#victor_khai
#zarnikoreanwave

Read More

Was this review helpful to you?